Serena မြို့၏ မှောင်မိုက်နေသောလမ်းကြိုကြားများ၌ လူငယ်တစ်ယောက် နေရာတစ်ခုသို့ ဦးတည်သွားနေ၏။
101Please respect copyright.PENANAtmU69ptk2y
"လူချောလေး... တို့နဲ့တစ်ညတာ ပျော်မလား?"
ပြည့်တန်ဆာများက သူ့ကို လာပျော်ပါးရန် ခေါ်ကြ၏။
101Please respect copyright.PENANA38Obk6FnXA
သူသည် ပြည့်တန်ဆာများကို ဖြတ်ကျော်လာပြီးချိန်၌ ဂျစ်ပစီများနေထိုင်သော မြင်းလှည်းများဆီသို့ရောက်လာ၏။
101Please respect copyright.PENANAQ0GOsVzQf2
"အထက်တန်းစားပဲ..."
ဂျစ်ပစီအမျိုးသမီးတစ်ယောက်က သူ့ခြေထောက်နားသို့ တံတွေးလှမ်းထွေးရင်းပြောလိုက်သည်။
101Please respect copyright.PENANAqvXtGBxxpM
သူမ ကိုလည်း လျစ်လျူရှုကာ ထွက်လာခဲ့ပြီးနောက် Serena မြို့၏ ပိုမို အကျဥ်းတန်သောဘက်ခြမ်းသို့ ရောက်ရှိလာခဲ့၏။
101Please respect copyright.PENANAnPB976XqAc
ထိုသည်ကား ရာဇဝတ်သားများနေထိုင်ရာ နေရာတစ်ခုပင်....
ကာစီနိုများ အရက်ဆိုင်များနှင့် ပြည့်တန်ဆာများလည်း ပိုမိုများပြားလာသလို ပိုမိုလှပသော ဖျော်ဖြေသူများနှင့် ပိုမိုကြမ်းတမ်းသော အစောင့်အကြပ်များကို တွေ့ရ၏။
101Please respect copyright.PENANACBo2JA2S33
တံခါးတစ်ချပ်ရှေ့မှာ သူရပ်တန့်လိုက်၏။
"ငါ မင်းတို့ သခင်နဲ့တွေ့ချင်တယ်...."
101Please respect copyright.PENANAuUf8KmWHpa
တံခါးစောင့် ၂ယောက် အနက် တစ်ယောက်က သူ့ကို မထီတရီကြည့်ကာ....
"မင်းက ဘယ်သူလဲ? ငါတို့ သခင်ပျော်ပါးဖို့ ခေါ်ထားတဲ့ အထက်တန်းက ပြည့်တန်ဆာလား?"
သူက ခပ်ထေ့ထေ့ ပြောလိုက်သည်။
101Please respect copyright.PENANA2smNpv06A4
လူငယ်က သူ့ကို ဘာမှ မပြောပဲ ခပ်တည်တည်သာကြည့်နေ၏။
101Please respect copyright.PENANAfT6D0JkpLX
"ငါတို့သခင်ဆီကို ပျော်ပါးဖို့ လာတာ မဟုတ်ရင် ငါတို့နဲ့ ပျော်မလား?"
ထိုသူက အတင့်ရဲစွာဖြင့် လူငယ်၏ တင်ပါးကို ဆုပ်ကိုင်လိုက်၏။
101Please respect copyright.PENANAdY8dz0Hafk
ရုတ်တရက် သူ၏ လိင်အင်္ဂါမှ စူးရှသော နာကျင်မှုနဲ့အတူ တံခါးစောင့်မှာ အော်ဟစ်ရင်း လဲကျသွားသည်။
101Please respect copyright.PENANAAA2RQoIjrC
လူငယ်က သွေးအိုင်ထဲ၌ အော်ဟစ်နေသော ပထမတံခါးစောင့်ကိုကြည့်ကာ ဒုတိယ တံခါးစောင့်ဘက်ကို လှည့်လိုက်သည်။
101Please respect copyright.PENANAU33mXC7Krc
ဒုတိယ တံခါးစောင့်သည်ကား ပထမတစ်ယောက်ကဲ့သို့ အသိဉာဏ်မဲ့ပုံလည်း မပေါ်သလို ကြောက်ရွံ့မှုလည်း မရှိ....
"Selda Vari ကို တွေ့ဖို့ ငါလာတာ.... တံခါးဖွင့်!"
ဒုတိယ တံခါးစောင့်သည်ကား ရိုကျိုးစွာ တံခါးဖွင့်ပေး၏။
101Please respect copyright.PENANANwp65qqEjL
"Selda Vari...."
သူ၏ရုံးခန်းထဲ၌ ဝိုင်ခွက်ကို ကိုင်ကာ ထိုင်နေသော လူအား ဝင်လာသော လူငယ်က ခက်ထန်စွာခေါ်လိုက်၏။
"မင်းသား Lonan...."
Selda Vari သည် သူ့အား ခပ်ထေ့ထေ့အပြုံးတစ်ခုဖြင့်ကြိုဆိုနေ၏။
101Please respect copyright.PENANAQxDQVBtFrz
"ကျုပ် ခိုင်းထားတာ ပြီးသွားပြီလား?"
Selda Vari က ကြီးမားသော ဖန်ပုလင်းကြီးကို စားပွဲပေါ်မတင်လိုက်၏။ အထဲမှာတော့ လူဦးခေါင်းတစ်ခုရှိနေ၏။
101Please respect copyright.PENANASUxtTpGyu9
မင်းသားလေး မျက်နှာ ဖြူဖျော့သွားတာကို တွေ့တော့ Selda Vari က ပြုံးသည်။
"နယ်စားကြီး Fergus ရဲ့ ခေါင်း...."
"ကျုပ်သူ့ခေါင်းကို လိုချင်တယ်ပြောတုန်းက သူ့ကို သတ်ဖို့ပြောတာ....
တကယ် ခေါင်းဖြတ်ပြီး ယူလာခိုင်းတာ မဟုတ်ဘူး...."
"သက်သေအဖြစ်ယူလာတာလေ.... ယူသွားလိုက်ပါ.... မင်းရဲ့ အမေကိုပြလိုက်....
သူက ဒါကို ဝမ်းသာအားရနဲ့ သိမ်းထားမှာ သေချာတယ်.....
ပုပ်မှာစိုးလို့ ဆေးရည်တောင် စိမ်ထားတာ...."
"ကျုပ်ရဲ့ လူတွေကို လာယူခိုင်းလိုက်မယ်...."
101Please respect copyright.PENANAIPdCLE8Xki
Selda Vari က ခပ်ထေ့ထေ့ပြုံးလိုက်သည်။
"ကိုယ်တိုင်မယူသွားရဲသွားလို့လား မင်းသားလေး...."
"ခေါင်မပြတ်ချင်ရင် ခင်ဗျားပါးစပ်ကို ပိတ်ထားလိုက်...
နောက်ပြီး....
နောက်တစ်ခါ ခင်ဗျားရဲ့ဂိတ်တံခါးကိုလုံခြုံစေချင်ရင် ခင်ဗျားလူတွေရဲ့လျှာကိုဖြတ်ထားသင့်တယ်...
ဒါမှမဟုတ် ယောကျ်ားအင်္ဂါကို ဖြတ်ထားလိုက်ပေါ့...."
"မှတ်ထားလိုက်ပါ့မယ်....
ဒါပေမယ့် ကျုပ်ကမင်းရဲ့ အစေခံမဟုတ်တာကိုလည်း မှတ်ထားပါ...."
Selda Vari က Lonan ကို သတိပေးသလို ပြော၏။
101Please respect copyright.PENANApdn66qXLVy
To be continued.